Wednesday, August 14, 2013
Recycle Bin(အမှိုက်ပုံး) ဖျောက်နည်း
window + Start -> run -> gpedit.msc
အဲဒီမှာ Group policy ပေါ်လာပါလိမ့်မယ်။ အဲဒီကနေ Local Computer Policy -> User Configuration -> Desktop မှ Remove Recycle Bin icon from desktop(double click)>> setting ထဲကနေ Enabled ကို ရွှေးပြီး အိုကေ ပေးလိုက်ရင် ရပါပြီ။ ပြီးရင်တော့ desktop ကို refresh တစ်ချက်လောက်ပေးလိုက်ပါ။ အမှိုက်ပုံးကြီး ပျောက်သွားပါလိမ့်မယ်။
ကျွန်တော်က Recycle bin ကို ဥပမာထား၍ အစမ်းဖျောက်ပြတာဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျန်တဲ့ icon လေးများကိုလည်း စိတ်ကူးရှိသလို ဖျောက်နိုင်ပါတယ်။
Drive များ ဖျောက်နည်း
ဝင်းဒိုးမှာပါတဲ့ c , d , e စတဲ့ drive တွေကို ဖျောက်ထားလို့ ရပါတယ်။ recycle bin ဖျောက်တုန်းကလိုပဲ Group policy ထဲဝင်ပြီး User Configuration >> Administrative Templates >> Windows Explorer ကနေ Hide these specified drives in My Computer ကို double click နှိပ်ပြီး မိမိ ဖျောက်ထားချင်တဲ့ drive တွကို ရွှေးပြီး ဖျောက်ထားနိုင်ပါတယ်။ ကျန်တာတွေလည်း ဆက်ပြီး ဥာဏ်ရှိသလို လေ့လာနိုင်ပါတယ်။
Sunday, August 4, 2013
ဒီနည်းကတော့ Blue screen ဖြေရှင်းနည်းတွေထဲက နောက်တစ်နည်း ဖြစ်ပါတယ်
လုပ်နည်း
1. Start menu >> Computer ကို Right Click ထောက်ပီး Properties ကို ၀င်လိုက်ပါ။
2. ကျလာတဲ့ Box ရဲ့ ဘယ်ဘက်နားလေးက advanced system setting ကို ၀င်လိုက်ပါ။
3. System Properties >> Advanced ထဲမှ အနီဝိုင်းပြထားတဲ့ Setting ကို ၀င်လိုက်ပါ။
4. System and Recovery ထဲမှ အနီရောင် ၀ိုင်းပြထားတဲ့ အောက်မှာရှိတဲ့ Automatically restart ကို အမှန်ခြစ်လေး ဖြုတ်ပေးလိုက်ပါ။ (ပုံမှာကြည့်ပါ)။ ပီးရင် OK ပေးလိုက်ပါ။
ဒါဆိုရင်တော့ ပုံမှန်တက်လာနေကျ Bluescreen ဆိုတာကြီး မတက်လာတော့ပါဘူး။ အားလုံးအဆင်ပြေကြပါစေနော်..............
USB Stick ကို ကွန်ပြူတာမှာ တပ်လိုက်တော့ "USB Drive Not Recognized" ဆိုတဲ့ Error ဖြေရှင်းနည်း
နည်းလမ်း(၁)
- ကွန်ပျူတာကို ပိတ်ပြီး Power Supply ကြိုးကို ဖြုတ်လိုက်ပါ။(မားသားဘုတ်မှာ Power ဝင်နေတဲ့အတွက် ကြိုးတွေ ဖြုတ်လိုက်ဖို့ လိုအပ်ပါတယ်)
- တစ်မိနစ်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပါ။
-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပါ။ System မှာ (Printer, Network Service...) တွေ ပြီးဆုံးအောင်အထိ တပ်ပြီးမှ Memory Stick ကို စက်မှာ ပြန်ထိုးပါ။
နည်းလမ်း(၂)
- နောက်တစ်နည်းကတော့ Run Box မှာ devmgmt.msc ကို ရိုက်ထည့်လိုက်ပါ။
- Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ။(Stick ကိုစက်မှာ တပ်ပြီးသား ဖြစ်ပါစေ)
- Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။
ဒီအခါမှာ ကွန်ပျူတာက USB ကိုမြင်နိုင်ပါပြီ။ အဝါရောင် Error Message ကို မြင်ချင်ပါတယ်ဆိုတာတောင် မြင်ရမှာ မဟုတ်တော့ပါဘူး။
Saturday, August 3, 2013
G-talk မှာစကားပြောရင်း သူငယ်ချင်းကို သီချင်းပေးနားထောင်ရအောင်
ကိုယ်ဖွင့်ထားတဲ့ သီချင်းလေးတွေ ကို စကားပြောရင်း သူငယ်ချင်းကိုပေးနားထောင်ရအောင်
ကိုဖွင့်ထားတဲ့ သီချင်းလေးကိုစကားပြောနေတဲ့ သူငယ်ချင်း ကိုပေးနားထောင်ချင်ရင်တော့
Gtalk>setting>audio ကိုသွားပါ ပြီးရင် အောက်ဆုံးမှာရှိတဲ့ share music listening ……
…ဆိုတဲ့နေရာလေး မှာ မှန်ခြစ်လေးပေးလိုက်ပါ
..ပြီးရင် ok ပေးလိုက်ပါ…ဒါဆိုရင် သီချင်းကောင်းကောင်းလေးတွေကို ကိုယ်ရောသူငယ်ချင်းပါနားထောင်လို့ရပါပြီ … အဆင်ပြေပါစေနော်..သိပြီးသားလူတွေတွက်တော့ရယ်နဲ့နော် မသိသေးသူတွေတွက်ပဲရည်ရွယ်ပြီး တင်ကြည့်တာပါ ...ကိုညီသူကနေ ကူးယူဖေါ်ပြထားပါတယ် ....
Thursday, August 1, 2013
GSM ဖုန်းတွေအတွက် Call Waiting နဲ့ Call Forwarding Service
Android ဖုန်းတော်တော်များများရဲ့ Call Setting ထဲကိုဝင်ကြည့်လိုက်ရင် Call Waiting ၊ Call Forwarding အစရှိတဲ့ Funcation တွေကိုပါဝင်တာတွေ့ရပါလိမ့်မယ်၊ ဒါပေမဲ့ သုံးလို့မရပါဘူး ဘာလို့လဲဆိုတော့ လက်ရှိ
ကျွန်တော်တို့တွေသုံးနေတဲ့ MPT ကဖွင့်ပေးမထားလို့ပါပဲ ၊
ဟိုးအရင်ကတော့ မြန်မာနိုင်ငံမှာ အဲဒီ Service မပေးပါဘူး ၊ အခုကတော့(ဘယ်တုန်းစရလဲသေချာမသိပါ) ပိုက်ဆံပေးရင်လျောက်လို့ရပါပြီ ၊
Call Waiting
========
Call Waiting ဆိုတာကတော့ မိမိဖုန်းပြောနေတဲ့အချိန်မှာ နောက်ထပ်ဖုန်းအ၀င် Call တစ်ခုထပ်လာရင် အသိပေးပါတယ် ၊ အဲဒီအချိန်မှာ လက်ရှိပြောနေတဲ့ဖုန်းကိုမချပစ်ဘဲ .. Hold ကိုနှိပ်ပြီး နောက်ထပ်ဝင်လာတဲ့ Call ကိုလက်ခံပြီးစကားပြောလို့ရတဲ့ Service ပဲဖြစ်ပါတယ်။ ဒီ Service ကတော့ဖုန်းတစ်လုံးမှအလွတ်မခံချင်တဲ့ လုပ်ငန်းရှင်သမားတွေအတွက်တော့တော်တော်ကိုအသုံးဝင်တဲ့Service တစ်ခုပဲဖြစ်ပါတယ်။ အိမ်ကမိန်းမဆက်
တာကိုမလွတ်စေချင်ရင်လဲ လုပ်ထားလိုက်ပေါ့နော် ...
Call Forwarding
==========
Call Forwarding ဆိုတာကတော့ မိမိဖုန်းကဆက်သွယ်မှု့ဧရိယာပြင်ပရောက်နေတဲ့အခါမျိုးမှာ နောက်ထပ်အခြားနံပါတ်တစ်လုံးကိုအလိုလျောက်လွဲပြောင်းပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် မိမိမှာဖုန်းနှစ်လုံးရှိတယ်ဆိုပါစို့ ပထမတစ်လုံးမှာ ဒုတိယတစ်လုံးရဲ့နံပါတ်ကို Call Forwarding Service နဲ့ထည့်ထားလိုက်မယ် ၊ ပထမတစ်လုံးကို ခေါ်လိုက်တဲ့အခါမှာဆက်သွယ်မှု့ဧရိယာရောက်နေခဲ့မယ်ဆိုရင် ၊ ထည့်သွင်းထားတဲ့ ဒုတိယ ဖုန်းတစ်လုံးဆီကိုလွဲပြောင်းပြီးအလိုလျောက်ဖုန်းခေါ်ဆိုသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ Information Technology ကိုတာဝန်ယူထားတဲ့ MPTကတော့ ဒီService တွေရနေတယ်ဆိုတာကို သတင်းထားပြန်ထားတာ ဘယ်နေရာမှာမှ မတွေရပါဘူး ...
(MPT ဆိုတာဘယ်လိုပြောမလဲ .. ပြောချင်သလိုသာပြောတော့ပေါ့နော် :D)
ရတနာပုံတယ်လီပို့စ်ကိုဆက်သွယ်မေးမြန်းချက်အရတော့ ဒီ Service ကို 5 သိန်းတန် 450 ဖုန်းနဲ့ 1500 တန်ဖုန်းကလွဲရင်ကျန်တဲ့ဖုန်းတွေမှာလျောက်လို့ရတယ်လို့တောပြန်လည်ဖြေကြားထားပြီး
လျောက်ထားလိုရင်တော့ ရွှေဂုန်တိုင်ရုံးမှာလျောက်ထားနိုင်ပြီး လျောက်လွှာကြေးဘယ်လောက်မစရမလဲဆိုတာတော့ ရတနာပုံတယ်လီပိုစ် ကိုယ်တိုင်လဲမသိရှာပါဘူး ...
လစဉ်ကြေးတွေအနေနဲ့ကတော့ >>
Call Waiting Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို ၅၀၀ ကျပ်
ဖြစ်ပြီး Call Forwarding Service ကိုထည့်သွင်းချင်ရင်တော့ လစဉ်ကြေးကို 10 FEC လစဉ် Bill ထဲကနေဖြတ်မှာဖြစ်ပါတယ်။
Subscribe to:
Posts (Atom)